English For Me

Learning and Studying ( Improve your English by self study )

သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။

သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက

-       ကိုယ့်ကိုယ်ကို သိပါ
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ

ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး

ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။

-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား

လမ်းဆုံးအောင်လျှောက်

အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။

ကိုယ်တိုင်လုပ်နိုင်တာတွေ

-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)
-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ
-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ
-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ

အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။

-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
-       အ၀တ်အစားဝယ်မယ်
-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်

ဘယ်လိုလေ့လာရမလဲ

လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။

ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက

-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား
-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား
-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား

အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။

ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက

-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား
-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား

အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။

သတိပြုသင့်တာတွေက

၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။

၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။

၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။

၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။

၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။

၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။

၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။

၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။

၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။

၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။

၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။

၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။

၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။

နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။

Pratice ... Pratice … Practice!
 

အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။

အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။  ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။

အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့  ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။

ကျွန်တော်တို့မှာ ဆရာမပါဘဲ သင်ယူ လေ့လာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်စာကို free သင်ပေးနေတဲ့ site တွေအများကြီး အွန်လိုင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီ site တွေမှာ tutorial တွေ၊ games တွေနဲ့ အခြား လေ့လာသင်ယူ ချင်စရာ နည်းလမ်းပေါင်းစုံတွေပေးနေတယ်။  အဲဒီ site တွေကိုသွားကြည့်ပြီး ဆရာကို အားမကိုး၊ ကိုယ့်ကိုယ်ကို အားကိုးကြည့်ရင် ရနိုင်ကြောင်း အသိပေးချင်ပါတယ်။

Livemocha

Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။ ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့ အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊ အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။

VerbaLearn

အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။ လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။ အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list  ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။

1-Language.com

အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း  (listening) ဟာ အခြားဘာသာစကား သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့ audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင် စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့ လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း လေ့လာနိုင်ပါလိမ့်မယ်။

BBC

BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။ အွန်လိုင်း မှာ newsletters, language tips နဲ့  အခြား သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။

Using English.com

အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက် အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes, worksheets, English usage article, ESL discussion forum ကဏ္ဍတွေက စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။ သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။

About.com

အင်္ဂလိပ်စာကို second language အနေနဲ့  သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။ အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။

Learn English Online

အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက် ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့ အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို အခမဲ့လုပ်ကြည့်နိုင်တယ်။

Word2Word

ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့ site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ အားလုံး ညွှန်းထားပါတယ်။

Transparent Language

ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။ သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free downloads တွေလည်းပါတယ်။

EnglishClub

အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့ site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့ လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site တစ်ခုအနေနဲ့ ညွှန်းချင်တယ်။

Italki

ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0 concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။

A4esl.org

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။ Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။ အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes, bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။

DigitalDialects

ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။

Radio Lingua Network

အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့ သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။

Vocabulix

အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ လောက်ထည့်ထားပေးတယ်။
 
 

၁၁။ အင်္ဂလိပ်ဘာသာစကားနှင့်ပြန်ဆိုရေးသားထားတဲ့ စာတွေကိုဖတ်ပါ။ စာအုပ်ကိုဖတ်တဲ့အခါမှာ နားလည်လွယ်စေဖို့ အခြားနည်းလမ်းတစ်ခုကတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာ မဟုတ်ဘဲ အင်္ဂလိပ်လို ပြန်ဆိုထားတဲ့စာအုပ်ကို ရွေးချယ်ဖတ်နိုင်ပါတယ်။ မူရင်းဘာသာက ကိုယ့်ရဲ့ ဘာသာစကား ဖြစ်လျှင် ပိုပြီးကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ရေးထားတဲ့ မူရင်းစာအုပ်ကို မဖတ်ဘူးရင်တောင်မှ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့စာအုပ်ထက် ပိုပြီးတော့ အရေးအသား နည်းနည်းရိုးရှင်းနေပြီး ကိုယ့်ဘာသာစကားနဲ့လည်း ပိုပြီးတော့ ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။

၁၂။ ပထမစာမျက်နှာ ၁၀ မျက်နှာလောက်ကို ကျော်ဖတ်ပါ။ အင်္ဂလိပ်လို ရေးထားတဲ့စာအုပ်ကို နားမလည်နိုင်လို့ လက်လျှော့လိုက်ရရင် ဒါမှမဟုတ် ဖတ်ရတာ အရမ်းနှေးနေရင် ပထမ ၁၀ မျက်နှာ လောက်ကို အကြမ်းပဲ ဖတ်လိုက်ပါ။ ဒါမှမဟုတ် လုံးဝကျော်လိုက်ပါ။ စာအုပ်အများစုက အစမှာ သရုပ်ဖော်ချက်တွေသာ အဓိက ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် စကားလုံးဝေါဟာရ ခက်ခဲပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ အထောက်အကူပြုမယ့် ဇာတ်လမ်းဖြစ်စဉ် တွေလည်း ရှင်းရှင်းလင်းလင်း ရုပ်လုံး မပေါ်သေးဘူး။ ဇာတ်လမ်းသိမှ နောက်စာမျက်နှာကို ဆက်ဖတ်ဖို့ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ အချို့ စာအုပ်တွေကတော့ နိဒါန်းပိုင်းကို ကျော်လိုက်ရင်တောင်မှ ခက်လွန်းနေတာလည်း ရှိတတ်သေးတယ်။ အဲဒါဆိုရင် ယာယီအားဖြင့် အဲဒီစာအုပ်ကို လက်လျှော့ထားပြီး အခြားပိုလွယ်တဲ့စာတွေ ဖတ်ပြီးမှပဲ နောက်တစ်ကြိမ်ကြိုးစားပြီး ဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။

၁၃။ စကားပြောခန်း အများကြီးပါတဲ့စာအုပ်ကို ဖတ်ပါ။ စာအုပ်တစ်အုပ်ကို မ၀ယ်ခင် ဖွင့်ကြည့်ပြီး တိုက်ရိုက်စကားပြောခန်းတွေ အများအပြားပါတဲ့ စာအုပ်မျိုးကို ရှာဝယ်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ စကားပြောခန်းဖြစ်ကြောင်း ပြတဲ့ လက်သည်းကွင်းတွေ အများအပြား ပါနေတဲ့အတွက်ကြောင့် စာမျက်နှာပေါ်မှာ စာသား နည်းသွားတဲ့ အတွက်ကြောင့်လည်း ဖတ်ရတာ ပိုလွယ် သွားနိုင်ပါတယ်။ အဓိပ္ပာယ်ပြန်ဆိုချက်တွေ အလွယ်တကူ ရေးမှတ်ထားစရာလည်း နေရာရှိတာပေါ့။ စာအုပ်တစ်အုပ်မှာ သရုပ်ဖော်ချက်အပိုင်းတွေထက် စကားပြောခန်းတွေက အများကြီးပိုပြီးတော့ နားလည်ရလွယ်နိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်ဖို့အတွက် သင်ယူတတ်မြောက်ထားဖို့ လိုအပ်တဲ့ စကားအသုံးအနှုန်းတွေလည်း ပိုပြီး ပါလာတတ်ပါတယ်။

၁၄။ အင်္ဂလိပ်လိုရေးထားတဲ့ ကာတွန်းတွေကိုဖတ်ပါ။ ကာတွန်းတွေက စကားပြောခန်း အများကြီးပါတဲ့ စာအုပ်တွေထက်တောင် နားလည်ရ လွယ်နိုင်ပါတယ်။ တကယ်တမ်း အင်္ဂလိပ်စကား ပြောတဲ့အတိုင်း Idiom တွေလည်း အများကြီး ပါပါတယ်။ ဗန်းစကားတွေကြောင့် ခက်ခဲတတ်ပေမယ့် နားလည်ဖို့ခက်တဲ့ ဟာသတွေ အဲဒီအပြင်/ဒါမှမဟုတ် ပုံမှန်စာလုံးပေါင်းနဲ့ မရေးဘဲ အသံထွက်အတိုင်း လိုက်ရေးထားတဲ့ စကားပြောခန်းတွေ ပါနေနိုင်ပါတယ်။ ဒါကြောင့် ဖတ်မယ့် ကာတွန်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့ ကြိုးစားပါ။ သာမန်အားဖြင့် ရယ်စရာကာတွန်းတွေထက် အလေးအနက် ဒါမှမဟုတ် စွန့်စားခန်း ကာတွန်းတွေက ပိုပြီးတော့ နားလည်ရလွယ်ပါတယ်။

၁၅။ အင်္ဂလိပ်ဘာသာစကားနဲ့ရေးသားထားတဲ့ ဖျော်ဖြေရေးလမ်းညွှန်တွေကို ဖတ်ပါ။ အခုခေတ်မှာ ကမ္ဘာပေါ်မှာ မြို့ကြီး အများစုအတွက် အင်္ဂလိပ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်း၊ အဲ့ဒီအပြင်/ဒါမှမဟုတ် အင်တာနက်ပေါ်တင်ထားတဲ့ လမ်းညွှန်တွေ ရှိပါတယ်။ သက်ဆိုင်ရာ ရက်သတ္တပတ်အတွင်း မြို့အတွင်းမှာ သွားကြည့်လို့ ရမယ့် ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ ပြပွဲတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒါကို အင်္ဂလိပ်လိုဖတ်မယ်ဆိုရင် အကျိုးရှိရုံတင်မကပါဘူး အင်္ဂလိပ်စကားပြောသူတွေက ဘယ်လို နေရာမျိုးတွေကို စိတ်ပါဝင်စားကြောင်း သိရှိပြီး အင်္ဂလိပ်လိုပြောတာကိုလည်း ကြားနိုင်မှာ ဖြစ်ပါတယ်။


အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၁)

အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှု တိုးတက်စေမည့် နည်းလမ်း (၇၀) - အပိုင်း (၂)

Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themes Templatesfreethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree Web Templates